Wednesday, June 9, 2010

ငါပြုံးနေဆဲပါ သူငယ်ချင်း

လိုချင်တာ ယူသွားပါ...
ငါ ပေးနိုင်သမျှ အရာအားလုံးနင့်ကိုပေးခဲ့ပြီးပါပြီ
နောက်ထပ် ဘာမှ မကျန်တော့ပါ.....။
ရက်စက်နိုင်သမျှ ရက်စက်သွားပါ
ငါ ခံနိုင်ရည်စွမ်းရှိသလောက် သည်းခံခဲ့ပြီးပါပြီ
နောက်ထပ် ဘာအားအင်မှမရှိတော့ပါ......။
လှည့်စားတယ်လို့ မဆိုရက်ပါ............
လိမ်ညာတယ်လိုမဆိုရက်ပါ..............
နင် ငဲ့မကြည့်တာ မမြင်ချင်လို့
ငါ မျက်ရည်ကျတာ နင်ငုံ့မကြည့်ပါနဲ့
အားလုံးကိုဒူးထောက် ငါ သိမ်ငယ်ရတဲ့အချိန်မှာ
ငါ့ကို လှည့်မကြည့်
နင် ပျော် နေ ပါ
ငါ့သိက္ခာနဲ့ထပ်တူ ယုံကြည်ခဲ့ပါတယ်
နင် ဟာငါ့သူငယ်ချင်းဖြစ်လို့ပါ
ငါ့ကိုယ်ကျင့်တရားကို အလျော်အစားလုပ်ခဲ့ပါတယ်
နင်ဟာ ငါ့သူငယ်ချင်းဖြစ်လို့ပါ
လိုချင်တာ ယူသွားပါ..
ပေးနိုင်သမျှ ပေးပြီးတဲ့နောက်
ငါ့မှာဘာမှ မကျန်တော့ပါ
ရက်စက်နိုင်သမျှ ရက်စက်သွားပါ
ငါ့ရင်ထဲမှာ ခံစားချက်တွေ ဆွံ့အ
ဘာမှ မကျန်တော့ပါ
အခုထက်ထိတော့ ငါပြုံးနေဆဲပါ သူငယ်ချင်း.................။။။။

No comments:

Post a Comment