Thursday, May 27, 2010

ကုတ်ခြစ်ထားတဲ့ ဒိုင်ယာရီ


အလှည့်ကျ လည်ပတ်နေသော သစ္စာတရားအရှိန်လွန်သောအခါ ဘယ်လိုမှ အထားမသိုမတတ်သော ဒိုင်ယာရီ ပေါ်တွင် သူ့ ဘ၀ ကိုယ့်ဘ၀ ဟူသော ခေါင်းစဉ် ရှိပါသည်........။
မိုးလေ၀သ ဟူသည် အချိန်ကာလတစ်ခုအတွင်း တစ်နေ့ တာ ဖြစ်ပျက်ခဲ့သည့် ရာသီဥတု အခြေအနေကို ခေါ်သည်...။နားလည်မှု တရားခေါင်းပါးလာချိန်တွင် ခေါင်းငုံ့ ငိုကြွေးခြင်း သည် ရာသီဆိုးများအား လည်စင်းပေးတာနှင့်တူသည်............။

လရောင်အောက်တွင် ညမွှေးပန်းများ၏ ရနံ့ ဘယ်နှစ်မိုင်အထိ စီးမြောနိုင်ပါသလဲ.........
အလွမ်းတောင်တန်းပေါ်တွင် ၀ဲလူးပျံသန်းသော တမ်းတမှု လက်တံများနှင့် ၀န်းဝိုက်ကွေ့ သော ဥယျာဉ်ကို ပျိုးခဲ့မိသည်......
ထိုဥယျာဉ်မှ မွှေးရနံ့ များ သင်းအီချိုမြလာသောအခါ......................။

စိတ်အန်ဖတ် အနည်းငယ် ၊ နာကျင်တတ်သော ငွေကြေး ၊ ပုံပျက်နေသည့် စကားလုံးများ ၊ ရှုမျှော်ခင်း အသိုးအနွမ်းများ စသည်ဖြင့် မလိုအပ်ချက်များကို ကမ္ဘာမြေပေါ် ခွချမိခဲ့သည် ။ဘ၀ကိစ္စ အကိုင်းတစ် တစ်ခုထဲမှာ အားလုံး ဖြစ်ခွင့်ရှိနိုင်သည်....။စိတ်ကူးထဲတွင် သံချေးတက်ခံလိုက်ရသည့် မာန်တင်းသံများ၏ မျှော်လင့်မှုသည် မမျှော်လင့်နိုင်တော့သည့် အခါ၌ လေလျော့သွားသည့် မိုးပျံပူစီပေါင်း ပမာ ဖြစ်သွားသည်....။

မရေရာသော အနာဂတ်အတွက် တင်းတင်းစေ့ နှုတ်ခမ်းများ မပြုံးနိုင်ချိန် တွင် ချစ်သူငယ်ချင်းတစ်ယောက်ကတော့ ကမ္ဘာမြေအတွက် သံသရာအတွက် ...မြင့်မြတ်သော နှလုံးသားဖြင့် ရံဝံ့သွက်လက်လို့ နေပြီ...။

အနက်ရောင်ညသည် ဘာကတ္တီပါ လွှမ်းခြုံထားပါသလဲ...။
မဟာသမုဒ္ဒရာ၌ပင် အနားသတ်ရှိ၏
ငိုညည်းခြင်းသည် အရာရာကိုအရှုံးပေးလိုက်သော တစပြင်ပမာပင်.........။

တစ်နေ့ တော့ရောင်နီရှိနေနိုင်ပါသည်............................................................။။။။။။။။။။။။။။

No comments:

Post a Comment